မင်းပြားမြို့၌ အသက်(၁၈)နှစ်ပြည့်ပြီးသူ (၁၇၄) ဦးအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ထုတ်ပေး

မင်းပြား   မေ ၂၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ အသက်(၁၈)နှစ် ပြည့် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ထုတ်ပေးပွဲကို ယမန်နေ့ နံနက် ၈ နာရီအချိန်က မင်းဘာကြီးရပ်ကွက်ရှိ ဓမ္မာရုံအတွင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ထုတ်ပေးရာ၌ မြို့နယ်အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးအောင်အောင်က ရပ်ကွက်အတွင်းနေထိုင်သူများ၏ သတ်မှတ်နိုင်ငံသား စီစစ်ရေးကတ်ပြားများ မပြုလုပ်ရသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်းမရှိသေးသောပြည် သူများကို ပန်းခင်းစီမံချက်ဖြင့် စီစဉ်ဆောင်ရွက်ပေးလျှက်ရှိရာ အသက်(၁၆)နှစ် နှင့်(၁၈) နှစ်ကြား (၂၄)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီးသူ (၁၅၀)ဦးတို့ကို နိုင်ငံသားစီစစ်ရေးကဒ်ပြားများအား  စီမံချက် ဖြင့်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရသည်။ ထို့နောက် နိုင်ငံသားစီစစ် ရေးကတ်ပြားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးသခင်ချိုမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး အားလည်းကောင်း၊ မြို့နယ် ဦးစီးအရာရှိ ဦးအောင်အောင်မှ ဒေသခံပြည်သူတစ်ဦးအား အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ထုတ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ကျန်ရှိနေသေး သောမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်းပြီး အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံ သားစီစစ်ရေးကတ်ပြားများကိုလည်း ဆက်လက်အကောင်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ထံမှသိရှိရသည်။

ခင်မောင်ထွန်း