အောင်လံမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပ
Jun 08,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၁ ခုနှစ်အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ မွန်းတည့် (၁၂)နာရီက အောင်လံမြို့ စမ်းချောင်းရပ်ကွက် အ-ထ-က(၁)ကျောင်း ရွှေရတုခန်းမ စာဖြေဌာနတွင် စတင်ဖြေ ဆိုခဲ့ကြောင်း သိရသည်။