မန္တလေးတိုင်းဒေသကြီး၌ ၅လ အတွင်း မီးလောင်မှုအကြိမ် ၁၅၀ကျော်ဖြစ်ပွား

မန္တလေး၊ ဇွန် ၁၀
မန္တလေးတိုင်းဒေသကြီး၌ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း မီးလောင်မှုဖြစ်ပွားခဲ့သည့် အကြိမ် ၁၅၂ ကြိမ် ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ သိရသည်။
မီးလောင်မှုများနှင့်ပတ်သက်၍ ဇန်နဝါရီလအတွင်း မီးလောင်မှု ၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ခန့်မှန်းဆုံးရှုံးမှု တန်ဖိုး ငွေကျပ် ၅ ဒသမ၄၃၆ သန်း၊ ဖေဖော်ဝါရီလအတွင်း မီးလောင်မှု ၂၁ ကြိမ် ဖြစ်ပွားခဲ့ပြီး ခန့်မှန်းဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၂ ဒသမ ၂၈၆ သန်း၊ မတ်လအတွင်း မီးလောင်မှု ၄၅ ကြိမ် ဖြစ်ပွားခဲ့ပြီးခန့်မှန်းဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၄၃ ဒသမ ၈၂၉ သန်း၊ ဧပြီလအတွင်း မီးလောင်မှု ၃၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ခန့်မှန်းဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၅၇ ဒသမ ၅၅၃ သန်းနှင့် မေလအတွင်း မီးလောင်မှု ၃၄ ကြိမ် ဖြစ်ပွားခဲ့ပြီး ခန့်မှန်းဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၂၆ ဒသမ ၆၁၃ သန်း ရှိခဲ့ကြောင်း မီးလောင်မှု အကြောင်းအရင်းများတွင် လျှပ်စစ်မီးနှင့် ပေါ့ဆမီး အများဆုံးပါဝင်ကာ သေဆုံးသူ ၃ ဦး ရှိခဲ့ကြောင်း မှတ်တမ်းများ အရသိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း မီးလောင်မှုဖြစ်ပွားရာတွင် ၂၀၁၆ခုနှစ်တွင် ၂၁၂ကြိမ် ဖြစ်ပွားခဲ့ပြီး ခန့်မှန်း ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၂၅၈ ဒသမ ၂၁သန်း၊ ၂၀၁၇ ခုနှစ်တွင် ၂၀၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ခန့်မှန်းဆုံးရှုံးမှု တန်ဖိုး ငွေကျပ် ၂၉၃ ဒသမ ၆၁၈ သန်း၊ ၂၀၁၈ ခုနှစ်တွင် ၂၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီး ခန့်မှန်းဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၄၃၁ ဒသမ ၇၂၈ သန်း၊ ၂၀၁၉ ခုနှစ်တွင် ၂၇၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ခန့် မှန်းဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၄၃၂ ဒသမ ၇၆၆ သန်း၊ ၂၀၂၀ခုနှစ်တွင် ၂၉၈ ကြိမ်ဖြစ်ပွားခဲ့ပြီး ခန့်မှန်း ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၃၁၃ ဒသမ ၄၂၃ သန်းရှိခဲ့ကြောင်း မှတ်တမ်းများအရသိရသည်။
တင်လင်းထက်