ကန်ကြီးထောင့် ဇွန် ၁၀
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပန်းခင်းစီမံချက်အရ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် လူဦးရေနှင့် အိမ်ထောင်စုစာရင်း ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်ကအမှတ် (၅၀၅) အမြှောက်တပ်ရင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မြို့နယ်ဦးစီးအရာရှိ ဦးသန့်ဇင်က ပန်းခင်းစီမံချက် ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ အမြှောက်တပ်ရင်း စစ်သည်များနှင့် မိသားစုဝင်များ၏ နိုင်ငံသားစိစစ်ရေး ကတ်ပြား ၂၂ ကတ်နှင့် လူဦးရေနှင့်အိမ်ထောင်စုစာရင်း ၁၄ ခုကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က ပေးအပ်ခဲ့ရာ အမှတ်(၅၀၅) အမြှောက်တပ်ရင်း၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်နိုင် က လက်ခံ ရယူခဲ့သည်။
ဆက်လက်၍ အဆိုပါနေ့ ညနေ ၃နာရီအချိန်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ရုံးတွင် ဆပ်ကွင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲများမှ မိဘပြည်သူများကို ဆောင်ရွက် ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၇ ကတ်ကို ပြည်သူများ လက်ဝယ်သို့ မြိုနယ်ဦးစီးအရာရှိ ဦးသန့်ဇင် က ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇင်မာ(ကန်ကြီးထောင့် ပြန်/ဆက်)