သတင်းများ

ဇလွန်မြို့နယ်တွင် ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုး စိုက်ထည့်ခြင်းအခမ်းအနားကျင်းပ
May 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ဧရာဝတီမြစ်အတွင်းသို့ ငါးသယံဇာတများ ပေါကြွယ်ဝ၍ ငါးရိက္ခာဖူလုံစေရေးအတွက် ငါးမျိုးစိုက် ထည့်ခြင်းကို ယနေ့နံနက်၁၀ နာရီအချိန်ခန့်တွင် ကမ်းနားရပ်ကွက် ကျီးပင်ဆိပ်တွင်ကျင်းပပြုလုပ်ခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ သစ်သီးဝလံအခြေခံစားသောက်ကုန်ထုတ်လုပ်မှုသင်တန်း ဖွင့်လှစ်
May 24,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသနေ ကျေးလက်ပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ နေ့စဉ်ဝင်ငွေများရရှိစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများကို လုပ်ကိုင်လာနိုင်စေရေးအတွက် သင်တန်းများကို ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ သစ်သီးဝလံအခြေခံစားသောက်ကုန် ထုတ်လုပ်မှုသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်း မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ ဆောင်ရွက်
May 24,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အဖြစ် ယနေ့နံနက် ၈ နာရီအချိန်မှစတင်၍ မော်လမြိုင်ကျွန်း မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများတွင် ကျောင်းများ စတင်အပ်နှံခြင်း လုပ်ငန်းများ ဆောင်ရွက်သည်။
ချင်းရွှေဟော်တွင် ကိုဗစ်−၁၉ စည်းကမ်းချက်များနှင့်အညီ ကျောင်းအပ်လက်ခံ
May 24,2021
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ အခြေခံပညာ အထက်တန်း ကျောင်း၌ ၂၀၂၁-၂၀၂၂  ပညာသင်နှစ် ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက်   ယနေ့ နံနက်(၉)နာရီ အချိန်မှ စတင်၍ ကျောင်းအပ်စတင်လက်ခံခြင်း  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းယုမြို့၌ တရားမဝင်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရန် စစ်ဆေးဆောင်ရွက်
May 24,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် နယ်မြေလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် တရားမဝင်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရန်  နယ်စပ်ဒေသပူးပေါင်းစစ်ဆေးရေးအဖွဲ့များက ယမန်နေ့က ခရီးသွားယာဉ်များအား စစ်ဆေးမှုများပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ဇလွန်မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီလူထုဖြန့်ဝေစိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း (၁၅၀၀၀) ပျိုးထောင်ထားရှိ
May 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် သစ်တောဦးစီးဌာန၏ မိုးရာသီ လူထုဖြန့်ဝေ စိုက်ပျိုးရန်အတွက်  မြို့မသစ်တောပျိုးဥယျာဉ်အတွင်း ပျိုးပင်ပေါင်း (၁၅၀၀၀) ပျိုးထောင်ထားရှိကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ပင်စင်လစာများ ထုတ်ပေးလျက်ရှိ       
May 24,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်  မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို မေလ ၂၁ ရက်နေ့မှ စတင်ပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးလျက်ရှိရာ  ပင်စင်စားမိဘ ပြည်သူများက အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်းသိရသည်။