ဇလွန်မြို့နယ်တွင် ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုး စိုက်ထည့်ခြင်းအခမ်းအနားကျင်းပ

ဇလွန်  မေ  ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ဧရာဝတီမြစ်အတွင်းသို့ ငါးသယံဇာတများ ပေါကြွယ်ဝ၍ ငါးရိက္ခာ ဖူလုံစေရေး အတွက် ငါးမျိုးစိုက် ထည့်ခြင်းကို ယနေ့နံနက်၁၀ နာရီအချိန်ခန့်တွင် ကမ်းနားရပ်ကွက် ကျီးပင်ဆိပ်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့်တာဝန်ရှိသူများ၊ ဇလွန်မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးတင့်လွင်၊ ဇလွန်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်နှင့် ဌာနဆိုင်ရာအကြီးအကဲ များက ငါးမြစ်ချင်း၊ ထိုင်းငါးခုံးမကြီး၊ ရွှေဝါငါးကြင်း၊ စုစုပေါင်းငါးသားပေါက်ကောင်ရေ (၁၅၀၀၀၀) ကိုငါးထုတ်လုပ်မှု မြင့်မား တိုးတက်လာစေရန်ရည်ရွယ်၍ ဧရာဝတီမြစ် အတွင်းသို့ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း ဇလွန်မြို့နယ်ငါး လုပ်ငန်းဦးစီးဌာနမှ သိရသည်။   

ဝေယံ-ဇလွန်(ပြန်/ဆက်)