သတင်းများ

ကံမမြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေး စတင်ဆောင်ရွက်
May 24,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် အခြေခံပညာ မူလတန်း၊ အလယ်တန်း  အထက်တန်းကျောင်းများ၌ ယနေ့ နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်နှံခြင်းများကို    လက်ခံဆောင်ရွက် ပေးလျက်ရှိရာ     ကျောင်းသားမိဘများမှ ကျောင်းသား၊ ကျောင်းသူများအား လာရောက် ကျောင်းအပ်နှံလျက်ရှိကြသည်။
ထန်းတပင်၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ကျေးရွာနေ ပြည်သူများ လက်ဝယ်အရောက်ပေးအပ်
May 24,2021
မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့် အညီ အိမ် ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်အမျိုးမျိုးထုတ်ပေးရေး ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများပြုလုပ်ဆောင်ရွက်ပေးခြင်းကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် မေလ (၃)ရက်နေ့မှစတင်၍ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး မေလ(၂၃)ရက်နေ့၊ နေ့လယ်ပိုင်းက ကလိန်ကျေးရွာ အုပ်ချုပ် ရေးမှူးရုံးတွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာ နေပြည်သူ များလက်ဝယ် အရောက် တာဝန် ရှိသူများ က ပေးအပ်ခဲ့ကြကြောင်းသိရသည်။
သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ
May 24,2021
သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ရန်ကုန်အရှေ့ပိုင်း(ဂန္ဒီ) ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေသူများ၏ ရင်တွင်းစကားသံများ
May 24,2021
ရန်ကုန်အရှေ့ပိုင်း(ဂန္ဒီ) ပြည်သူ့ဆေးရုံကြီးတွင် အထူးကုပြင်ပလူနာဌာနအပါအဝင် အခြားသော သက်ဆိုင်ရာ ဆေးကုသမှုဌာနများ ပြန်လည်ဖွင့်လှစ်ကာ ပြင်ပလူနာ၊ အတွင်း လူနာများအား ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေး လျက်ရှိသည်။
ထန်းတပင်မြို့နယ်၌ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ
May 24,2021
၂၀၂၁-၂၀၂၂ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေး အခမ်းအနားကို မေလ(၂၃) ရက် နေ့၊ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အ.ထ.က -ထန်းတပင် အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
ကြံခင်းမြို့တွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးနေ့ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိ
May 24,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်တွင် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ "ဆောင်ပုဒ်အတိုင်း ယနေ့နံနက်(၈)နာရီအချိန်မှ စတင်ပြီး ကြံခင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများအားလုံးတွင် စတင်ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား မေလ (၂၄) ရက်နေ့မှ စတင်ပြီး ကျောင်းအပ် လက်ခံပေးသွားမည်
May 24,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ယူနိုင်ရေးအတွက် မေလ (၂၄) ရက်နေ့မှ စတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပဲခူးမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးလျက်ရှိ
May 24,2021
ပဲခူးတိုင်းဒေသကြီး၊       ပဲခူးမြို့တွင်  ပန်းခင်းစီမံချက်ဖြင့်     အိမ်ထောင်စု    လူဦးရေစာရင်းနှင့်  နိုင်ငံသား စိစစ် ရေး ကတ်ပြားများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးဝင်းမြတ် ဦးဆောင်ပြီး ၃-၅-၂၀၂၁စတင်၍ စီမံချက်ကာလ(၁၈)လ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။