သတင်းများ

ကော့မှူးမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာများအား စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Jun 11,2021
၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သော ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသော စာအောင် သံဃာ/သီလရှင်များအား အောင်လက်မှတ်နှင့် နဝကမ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်း သဘင် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ ဘုရားလမ်းရပ်ကွက် တောရကျောင်းလမ်း တောရကျောင်းတိုက်ရှိ မိဂဒါဝုန်ဓမ္မာရုံတွင် ယနေ့ နံနက် (၉)နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ရာ နာယကဆရာတော်များ၊ စာအောင် သံဃာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြို့မိမြို့ဖများ၊ မြို့နယ်ဥပဌာကအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြသည်။
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ဒေသဖွံဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု
Jun 11,2021
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် ယမန်နေ့ နံနက်ပိုင်းက ကမမောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင်များ ထောက်ပံ့ပေးအပ်
Jun 11,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှ လူမူရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူး မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီးများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့
Jun 11,2021
အုတ်ဖိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ သားသမီးများအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းဝတ်စုံနှင့် စာရေးကရိယာများ ထောက်ပံ့ ခြင်းအခမ်းအနားကို သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ တွင် ယနေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့သည်။
နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Jun 11,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်အသင်း (Youth Club) နှင့် ပူးပေါင်း၍ “အသေးစိတ်ကျကျ ဆောင်ရွက်မှသာ အောင်မြင်စွာ နေထိုင်နိုင်မည်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
Jun 11,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှ ရသော အသိအမြင်ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူငယ်များ ဖြစ်လာ စေရန် ရည်ရွယ်၍ ယနေ့ နံနက်(၁၀)နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၀ပြည့်နှစ် ပါဠိပထမပြန်စာမေးပွဲ၊ စာအောင်သံဃာတော်များအား ပူဇော်သည့် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Jun 11,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့၌ ၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော စာအောင်သံဃာတော်များအား ပူဇော်သည့် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက ကဘဲ့ရပ်ကွက်၊ သရက်တော ကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပပြု လုပ်သည်။
ကျောက်ကြီးမြို့နယ်၌နရွဲပင်ကျေးရွာစာသင်ကျောင်းဆောက်လုပ်နေမှုအခြေအနေအား မြို့နယ်တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး
Jun 11,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အင်းနက်ကျေးရွာအုပ်စု နရွဲပင်ကျေးရွာ၌ အခြေခံမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအခြေအနေအား ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်တာဝန်ရှိသူများမှ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။