သာယာဝတီမြို့နယ် သုံးဆယ်မြို့ အောင်မင်္ဂလာကွက်သစ်(၁)နှင့်(၂) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာခိုင်နှုန်းပြည့် ပြီးစီး

သာယာဝတီ မေ ၂၁ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် မေသက်နွယ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် သာာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ဘုရားကြီးလမ်းရပ်ကွက်၊ အောင်မင်္ဂလာကွက်သစ်(၁)လမ်း ကွန်ကရစ်ခင်းခြင်း၊ အရှည် ၄၃၅ ပေ၊ အကျယ် ၁၀ ပေ ၊ ထု ၆ လက်မ ကုန်ကျငွေကျပ် (၈.၆၁၃) သန်း၊ အရှေ့သပြေကုန်းရပ်ကွက်၊အောင်မင်္ဂလာကွက်သစ်လမ်း(၂)၊အရှည် ၃၆၅ပေ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မ ကုန်ကျငွေကျပ် (၇.၂၂၇)သန်း၊ စုစုပေါင်းကုန်ကျငွေကျပ် ၁၅.၈၄ သန်းဖြစ်ပြီး ရာခိုင်နူန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ အောင်မင်္ဂလာကွက်သစ်လမ်း(၁)နှင့်(၂) ကွန်ကရစ်ခင်းခြင်းကို ဧပြီလ ဒုတ်ယပတ်က စတင်ခင်းကျင်းခြင်းဖြစ်ပြီး မေလဒုတိယပတ်က ရာခိုင်းနှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။ ခရိုင်ပြန်/ဆက်