အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိုနှိုင်းအစည်းအဝေး ကျွန်းစုမြို့၌ ကျင်းပ

 

ကျွန်းစု မေ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်း ညှိုနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်ဌေးက မြို့နယ်အတွင်းအခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းများတွင် ဦးစားပေးအဆင့်အလိုက် လုံခြုံရေးစီမံဆောင် ထားရှိမှု အခြေအနေ များအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာက ကျောင်းများ ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှု၊ ကျောင်းများတွင် covid 19 ရောဂါ လမ်းညွှန်ကြားချက်များနှင့်အညီ ရောဂါကြီးကြပ် ကာကွယ်ဆန်းစစ်ရေးအဖွဲ့များမှ ကွင်းဆင်းစစ်ဆေးထားရှိမှု၊ မြို့နယ်အတွင်း အခြေခံပညာ ကျောင်းများတွင် ဝန်ထမ်းအင်အား အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲမှူး ယာယီရဲမှူးရန်နိုင်ဝင်းက အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် နယ်မြေလုံခြုံရေး၊ စာသင်ကျောင်းများလုံခြုံရေးဆောင်ရွက်ရာတွင် ပြည်သူ့စစ် အဖွဲ့ဝင် များ၊ စစ်မှုထမ်းဟောင်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းအကျိုးဆောင်အဖွဲ့ဝင်များ၊ ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ့များမှ လုံခြုံရေးဆောင်ရွက်မည့် အစီအမံအား ရှင်းလင်းတင်ပြ၍ တက်ရောက်လာကြသည့် ကျောင်းအုပ် ဆရာ/မကြီးများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ ကျောင်းများဖွင့်လှစ်ရာတွင် လိုအပ်သည့် ဆရာ/မများအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ကျောင်းအဆောက်အဦလိုအပ်ချက်များ၊ နယ်မြေဒေသအခြေအနေနှင့် ကျောင်းများ ဖွင့်လှစ် နိုင်မည့် အခြေအနေတို့အား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)