မိုင်းဆတ် မေ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့နံနက် ၁၀ နာရီက ကျတီကျေးရွာအုပ်စုသို့ သွားရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်ထောက်ပံ့ ပေးအပ်ရာတွင် လူမှုဝန်ထမ်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သောင်းသောင်းအေးက ကျတီကျေးရွာအုပ်စုရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုး(၂)ဦးနှင့် အဘွား(၃)ဦးတို့အား လူမှုရေးပင်စင်အဖြစ် (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) သုံးလစာအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၁၅၀၀၀၀)ကို သက်ကြီးဘိုးဘွားများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး မိုင်းဆတ်မြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးသွား(၁၀၅)ဦး ရှိပြီး ကျန်ရှိသော ရပ်ကွက်၊ ကျေးရွာများမှ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ဆက်လက် ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)