အုတ်တွင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ စာငှား၊စာဖတ် ဝန်ဆောင်မှုများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်

 

အုတ်တွင်း     မေ    ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ဖွင့်လှစ်ဆောင်ရွက်ရှိသည့် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါဖြစ်ပွား  နေစဥ်ကာလ အတွင်း ခေတ္တ ပိတ်ထား ခဲ့ရာယခုအခါ နေ့စဥ်စာငှားနေသည့်  ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက် များနှင့် အညီအစိုးရရုံး ပိတ်ရက်မှအပ အပတ်စဥ် နံနက် ၉ နာရီခွဲ အချိန်မှ ညနေ ၄ နာရီခွဲ အချိန်ထိ ဖွင့်လှစ် ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

အဆိုပါပြည်သူ့ စာကြည့်တိုက်ရှိ နေ့စဥ်ထုတ် သတင်းစာ၊ အပတ်စဥ် ထုတ်ဂျာနယ်စာစောင်များ၊ လစဥ်ထုတ် မဂ္ဂဇင်းများအပါအဝင် သုတ/ရသအမျိုးအစား စုံလင်သော စာအုပ်စာစောင်များအား မည်သူမဆို အခမဲ့လာရောက် ငှားရမ်း ဖတ်ရှုနိုင်ပါကြောင်းသိရှိရသည်။

ခင်မာ(ပြန်/ဆက်)