မိုင်းဆတ် မေ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၌ မေလ(၁၈)ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်(၃)လုံးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကျတီကျေးရွာအုပ်စု၊ နောင်ဘိုကျေးရွာရှိ နေအိမ်(၂)လုံးနှင့် မယ်ဆွမ် မြောက်ရပ်ကွက်၊ ဝမ်ကျောင်းရပ်ရှိ နေအိမ်(၁)လုံးအတွက် တစ်အိမ်လျှင် ငွေကျပ်(၉၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၂၇၀၀၀၀)ကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သင်းမြတ်ရည်ဝင်း က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)