သတင်းများ

မအူပင်မြို့တွင်ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကျင်းပ
May 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ယဉ်ကျေးလိမ္မာသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အိုင်ဝိုင်းကျေးရွာအုပ်စု ဓမ္မစကူးဖောင်ဒေးရှင်း အဆောက်အဦခန်းမ၌ ကျင်းပခဲ့ကြောင်းသိရှိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် မုဒုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တွေ့ဆုံပွဲပြုလုပ်
May 22,2021
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ (ထက်/လယ်/မူ) ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က မုဒုံမြို့နယ် ရွှေဟင်္သာခန်းမ၌ပြုလုပ်သည်။
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်
May 22,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယမန်နေ့က တော်ကနာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း များကို ကွင်းဆင်းပြုလုပ် ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းတုံမြို့နယ်အတွင်းရှိ သက်(၈၅)နှစ်နှင့်အထက်ဘိုးဘွား(၅၁)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်
May 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ အသက်(၈၅)နှစ်အထက်ဘိုးဘွား (၅၁)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၈)နာရီခွဲတွင် တာဝန်ရှိသူတို့က အိမ်တိုင်ရာ ရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ချောင်းဆုံတွင် (၂၀၂၁)ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်း သင်တန်းဆင်းပွဲကျင်းပ
May 22,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ အားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန် ပြည်သူများအားကစားကို လေ့လာလိုက်စားစေခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှု ရရှိစေရန်၊ မျိုးဆက်သစ် အားကစားသမား ပေါ်ထွက်လာစေရန် အတွက် ရည်ရွယ်၍ မြို့နယ် အား/ကာ ကော်မတီမှ ကြီးမှူးပြီး နွေရာသီအခြေခံ အားကစားသင်တန်း၊ သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ချောင်းဆုံမြို့နယ် အားကစားရုံတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြို့နယ်အား/ကာကော်မတီဝင်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင် တိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုကော်မတီ အစည်းအဝေး တက်ရောက်
May 22,2021
မကွေးတိုင်းဒေသကြီးရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခွင့်ပြုရန်ကိစ္စနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးရင်းနှီးမြှပ်နှံမှုကော်မတီ အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီက တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင် တက်ရောက် အမှာစကားပြောကြားသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကျောင်းသူ/ ကျောင်းသားများ လုံခြုံစိတ်ချစွာ ကျောင်းတက်နိုင်ရေး အတွက် ပြင်ဆင်ထားရှိမှုကိုပြည်သူများအား ရှင်းလင်းဟောပြော
May 22,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၆၉)ရပ်ကွက်၊ ပုညာနန္ဒဓမ္မာရုံ၌ မိဘပြည်သူများသို့ ကျောင်းသူ/ကျောင်းသားများ လုံခြုံစိတ်ချစွာ ကျောင်းတက်နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှုကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်က ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုသိမ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ် ဆောင်ရွက်
May 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ပြည်သူ့စာကြည့်တိုက်ကို ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားခဲ့မှုကြောင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှစတင်၍ စာအုပ်စာပေ ငှားရမ်းမှုများကို ခေတ္တရပ်နားခဲ့ရပြီး ယခုအခါ မေလ ၃ ရက်နေ့မှစတင်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် ငှားရမ်းပေးလျက်ရှိသည်။