ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ပဲခူး မေ ၂၁ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလားအသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ(၁၅:၃၀)နာရီအချိန်က ပဲခူးမြို့ဟံသာဝတီယူနိုက်တက် အားကစားကွင်း ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးမြို့နယ်အသင်းနှင့် သနပ်ပင်မြို့နယ်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ သနပ်ပင်မြို့နယ်အသင်းက (၄:၁)ဂိုးဖြင့် အနိုင်ရဗိုလ်ဆွဲသွားသည်။ အဆိုပါ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ရာတွင် ဒုတိယရရှိသော ပဲခူးမြို့နယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ လူငယ်ဖွံ့ဖြိုးရေးဒါရိုက်တာ ဦးညီညီလတ်က လည်းကောင်း ဆုဖလားနှင့် ငွေသားဆု(၇)သိန်းကျပ်အား ပဲခူးခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဝင်းက လည်ကောင်း၊ ဂိုးသမား၊ နောက်တန်း၊ အလယ်တန်း၊ရှေ့တန်းနှင့်အကောင်းဆုံး အားကစားသမားဆု ရရှိသူများအား ဆုတံဆိပ်နှင့်ငွေသားဆု (၂)သောင်းကျပ်စီကို ပဲခူးစီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင် ဦးအောင်ကြည်က လည်ကောင်း ဆုများပေးအပ် ချီးမြှင့်ကြသည်။ ထိုနောက် ပထမရရှိသော သနပ်ပင်မြို့နယ် အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များကို သနပ်ပင်မြို့နယ် ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က္ကဌ ဦးကျော်မင်းထွန်းကလည်ကောင်း၊တံခွန်စိုက်ဆု ဖလားနှင့် ငွေသားဆု (၁၀)သိန်းကျပ် တို့ကိုပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူးရဲမှူးကြီး တင်ထွဋ်ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ကြကြောင်း သိရသည်။ ယင်းနောက် ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲအား ပဲခူးခရိုင်အတွင်းရှိ မြို့နယ်(၈)မြို့ နယ်မှ မြို့နယ်ကိုယ်စားပြု အသင်း (၈)သင်းပါဝင်ကာ ဒိုက်ဦးဇုံနှင့် သနပ်ပင်ဇုံတို့တွင် မေလ(၁၀)ရက်နေ့မှ စတင်ကာ (၄)သင်းစီ ယှဉ်ပြိုင်ကစားကြပြီး ပဲခူးမြို့ ဟံသာဝတီယူနိုက်တက် အားကစားကွင်၌ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ် အဖြစ်ယှဉ်ပြိုင်ကစားကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ မျိုးငြိမ်း(ပြန်/ဆက်)