မအူပင်မြို့တွင်ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကျင်းပ

 


မအူပင် မေ ၂၂


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ယဉ်ကျေးလိမ္မာသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ  ၂ နာရီက အိုင်ဝိုင်းကျေးရွာအုပ်စု ဓမ္မစကူးဖောင်ဒေးရှင်း အဆောက်အဦခန်းမ၌ ကျင်းပခဲ့ကြောင်းသိရှိရသည်။


ရှေးဦးစွာ သင်တန်းဆင်းပွဲကို နမောတဿ (၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး သင်တန်းဆရာကြီး မဟာသဒ္ဓမ္မ ဇောတိကဓဇ ဦးဟန်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် အကျိုးသက်ရောက်မှုများကို အဖွင့်ပြောကြားကာ ဓမ္မစကူးဖောင်ဒေးရှင်း (ဗဟိုနည်းပြ) ဧရာဝတီတိုင်းဒေသကြီး ဓမ္မစကူးအတွင်းရေးမှူးဆရာမကြီး ဒေါ်လေးခက်ကယဉ်ကျေးလိမ္မာ သင်တန်းများအား ဆက်လက်ဖွင့်လှစ်ရေးစီမံဆောင်ရွက်ထားရှိမှုများကို တင်ပြ ဆွေးနွေးသည်။


ထို့နောက် မြို့နယ်သာသနာရေးဦးစီးဌာနမှ သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့ပြီး သင်တန်းကာလပြီးဆုံးတိုင် တက်ရောက်သင်ကြားခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများကို တာဝန်ရှိသူများမှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းတွင် ထူးချွန်သူ(၄)ဦး အားဂုဏ်ပြုဆုများချီးမြှင့်သည်။
 

အဆိုပါ သင်တန်းတွင် မြို့နယ်ဌာနဆိုင်ရာရုံးများမှ သင်တန်းသား/သင်တန်းသူ (၃၀)ဦး တက်ရောက်၍ မေလ ၁၂ ရက်မှ မေလ ၂၁ ရက်နေ့အထိ သင်ကြားခဲ့ခြင်းဖြစ်​ပြီး သင်တန်းဆင်းပွဲသို့ အောင်ဟိတ်ကျေးရွာ  ဓမ္မာရုံကျောင်းတိုက်ဆရာတော် ဦးသီဟဥာဏ၊ သုခရိပ်ဆရာတော် MA Buddhismမဟာဓမ္မာစရိယဦးကောသလ္လ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးနိုင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တအုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းသက်ဦးနှင့် အဖွဲ့ဝင်များ၊ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊သင်တန်းဆရာ၊ ဆရာမများ သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူထံမှရသည်။


အောင်ခိုင်(ပြန်/ဆက်)