သတင်းများ

ရန်ကင်းမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်
May 22,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး အတွက် ယနေ့ နံနက်ပိုင်းက ရန်ကင်းမြို့နယ် စည်ပင်သာယာမှ တာဝန်ရှိသူများ၊ ပန်းဥယျာဉ်အဖွဲ့မှ ဝန်ထမ်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ရန်ကင်းမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ အထက(၁) ကျောင်း၌ ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဧရာဝတီမြစ်ကူးတံတား အမှတ်(၂)စီမံကိန်းဧရိယာအတွင်း ပါဝင်သည့်မြေယာ/အဆောက်အဦ:/သီးနှံများ အတွက် လျော်ကြေးငွေ ပေးအပ်ခြင်းနှင့် နှစ်ဖက်သဘောတူ စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကျင်းပ
May 22,2021
ကချင်ပြည်နယ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဧရာဝတီမြစ်ကူး တံတားအမှတ်(၂)ကို တည်ဆောက်သွားမည်ဖြစ်ရာ အဆိုပါတံတားအမှတ်(၂)စီမံကိန်းဧရိယာအတွင်း တံတားအူကြောင်းနှင့် မလွတ်ကင်းသည့် မြေယာ၊ အဆောက်အဦး/ သီးနှံများအတွက် ပိုင်ရှင်များထံ လျော်ကြေးငွေ ပေးအပ်ခြင်းနှင့် နှစ်ဖက်သဘောတူ စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီရုံး၊ မေခ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒေါပုံမြို့နယ်တွင် ပန်းခင်းစီမံချက်လုပ်ငန်း ရှင်းလင်းပွဲ အခမ်းအနားကျင်းပ
May 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်း နေထိုင်လျက်ရှိသော အိမ်ထောင်စုများနှင့် ရွှေ့ပြောင်းကျူးကျော် နေထိုင်လျက်ရှိသော အိမ်ထောင်စုများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ထားခြင်းမှ မရှိသူများသည် လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်း အခက်အခဲများ ကြုံတွေ့နေရသဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ လက်ဝယ်ရရှိ ကိုင်ဆောင်နိုင်ရေး အတွက် မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို (၃.၅.၂၀၂၁)ရက်နေ့မှ (၃.၁၁.၂၀၂၁) ရက်နေ့ထိ (၁၈)လကြာ သတ်မှတ်ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ
May 22,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာပေချစ်မြတ်နိုးသူများ စုစည်း၍ ယနေ့ နံနက် ၁၀ နာရီ အချိန်က စာရေးဆရာ လယ်တွင်းသား စောချစ် ရေးသားသည့် “ ပန်းလိုချင် အပင်ကိုပျိုးတတ်မှ ” စာအုပ်ဖြင့် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သိန္နီမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့် မသန်စွမ်းသူများအား ထောက်ပံ့ခြင်း လုပ်ငန်းများ ဆောင်ရွက်
May 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့် မသန်စွမ်းသူများအား ထောက်ပံ့ပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့၌ သဘာဝဘေးအန္တရာယ်ကြောင့် နေအိမ်ပျက်စီးသွားသည့် အိမ်ထောင်စုများအား ထောက်ပံ့ ပေးအပ်
May 22,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ၂၀၂၁ ခုနှစ်ဧပြီလနှင့်မေလအတွင်း လေပြင်းတိုက် ခတ်မှုကြောင့် နေအိမ်ပျက်စီသွားသည့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် မျိုးဆက်ပွားနှင့် သားဆက်ခြား ကျန်းမာရေး စောင့်ရှောက်မှုများ ကွင်းဆင်း ဆောင်ရွက်
May 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ်တွင် မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း (ဗဟို)နှင့် IPPF Sprint စီမံချက်တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း မျိူးဆက်ပွားနှင့်သားဆက်ခြား ကျန်းမာရေးစောင့်ရှောက်မှုများကို ယနေ့၊ နံနက်ပိုင်းက အမှတ်(၉)ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။