ချောင်းဆုံ မေ ၂၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယမန်နေ့က တော်ကနာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း များကို ကွင်းဆင်းပြုလုပ် ပေးလျက်ရှိကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် အသက်(၁၆)နှစ်နှင့် (၁၈)နှစ်အကြား အသက်(၁၈)နှစ် ပြည့်ပြီးသူများအား လည်းကောင်း၊ အိမ်ထောင်စုစာရင်း (မရှိ/ပျောက်ဆုံး)နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်/ပျက်သူ များအား ဆောင်ရွက်ပေးလျက်ရှိပြီး ချောင်းဆုံမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်သူ (၁၃၃၉၇၈)ဦးရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ရန် ကျန်ရှိသူ(၂၄၁၉၀)ဦးရှိကြောင်း၊ အဆိုပါ ပန်းခင်းစီမံချက်ကို ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၇)အုပ်စုအား မေ(၃)ရက်နေ့ကစတင်ပြီး ကျေးရွာအလိုက် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဦးစီးမှူး ဦးမောင်မော်ဌေးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)