ဒဂုံဆိပ်ကမ်း မေ ၂၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၆၉)ရပ်ကွက်၊ ပုညာနန္ဒဓမ္မာရုံ၌ မိဘပြည်သူများသို့ ကျောင်းသူ/ကျောင်းသားများ လုံခြုံစိတ်ချစွာ ကျောင်းတက်နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှုကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်က ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်မှ အခြေခံကျောင်းများကို ဇွန်(၁)ရက်နေ့ တွင် ပြန်လယ်ဖွင့်လှစ်မည်ဖြစ်ပြီး မေ(၂၄)ရက်နေ့မှစတင်၍ ကျောင်းသားများကို ကျောင်းအပ် လက်ခံမည် ဖြစ်ကြောင်း၊ ကျောင်းတွင် covid-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြင်ဆင်ထားရှိမှုများ၊ ကျောင်းစာအုပ်နှင့် အသုံးအဆောင်များ အခမဲ့ပေးဆောင်မှုအခြေအနေကို ရှင်းလင်းပြောကြားခဲ့သည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်(၁)ဗိုလ်မှူးနေလင်းအောင်က ကျောင်းစတင် ဖွင့်လှစ်ရာတွင် ကျောင်းသူ/ကျောင်းသားများ ဘေးကင်းလုံခြုံစွာ ကျောင်းတက်နိုင်ရေး အတွက် ကျောင်းပြင်ပတွင် လုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး အဖွဲ၀င်(၂) ဦးလှကြည်မှလည်း မိဘများအနေဖြင့် ကျောင်းသားတိုင်း ဘေးကင်းလုံခြုံစွာ ကျောင်းတက်နိုင်ရေး ရပ်ကွက်အလိုက် ပြည်သူများမှ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ထူးခြားမှု တစ်စုံတစ်ရာ ရှိပါကလည်း အချိန်မီသတင်းပို့ ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၀င်(၁)ဗိုလ်မှူးနေလင်းအောင်၊ အဖွဲ၀င်(၂) ဦးလှကြည်၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်နှင့် ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ လုံခြုံရေးအဖွဲ့၀င်များနှင့်မိဘပြည်သူ(၄၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)