မိုးညို မေ ၂၂
ပဲခူးတိုင်းဒေသကြီး၊သာယာတီခရိုင်၊မိုးညိုမြို့နယ်အတွင်း၂၀၂၁-၂၀၂၂ ခုနှစ်၊လုပ်ငန်း ရာသီနှစ် အတွက် (ဒုတိယ)အကြိမ် ဂရန်အင်းများ လေလံတင်ရောင်း ချခြင်းနှင့် (ပထမ)အကြိမ် အိတ်ဖွင့် တင်ဒါ ချက်များရောင်းချခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ် ငါး လုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၁-၂၀၂၂ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် ယခုအကြိမ်ရောင်းချရာတွင် ဂရန်အင်း(၁)အင်းနှင့် တင်ဒါချက်(၅)ချက် ရောင်းချခဲ့ရပြီး တတိယ အကြိမ်ဂရန်အင်းများလေလံတင်ရောင်းချခြင်းနှင့် ဒုတိယ အကြိမ်အိတ်ဖွင့်တင်ဒါချက်များ ရောင်းချခြင်းကို ဇွန်လ ၈ ရက်နေ့တွင် ဆက်လက် ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှသိရသည်။
အဆိုပါအခမ်းအနားသို့ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဓိ၊ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးထွန်း၀င်းမြင့်နှင့် အင်းလေလံရောင်းချရေးအဖွဲ့၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများနှင့်ဧည့်သည်တော်များ၊ လေလံဆွဲ ဝယ်မည့်ရေလုပ်သားများတက်ရောက်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက် လာသူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုမင်း(မိုးညို)