သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

 

 

သာယာဝတီ    မေ ၂၂

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားအသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီ မိနစ်၃၀ အချိန်က သာယာဝတီခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ သာယာဝတီမြို့နယ်အသင်းနှင့် မိုးညိုမြို့နယ်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ  သာယာဝတီ မြို့နယ် အသင်းက ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်ဆွဲသွားသည်။ ပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပရာ  အကောင်းဆုံးဂိုးသမားဆုရရရှိသော မိုးညိုမြို့နယ်အသင်း၊ အကောင်းဆုံး နောက်တန်းဆုရရှိသော သာယာဝတီမြို့နယ်အသင်း၊ အကောင်းဆုံး အလယ်တန်းဆုရရှိသော သာယာဝတီမြို့နယ်အသင်း၊ အကောင်းဆုံးရှေ့တန်းဆုရရှိရှိသာ မိုးညိုမြို့နယ်အသင်း၊ ပွဲစဉ် တစ်လျှောက် အကောင်းဆုံးအားကစားဆုရရှိသော သာယာဝတီမြို့နယ်အသင်းများအား တစ်ဦးချင်း ဆုတံဆိပ်များကို တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြပြီး ဖလားနှင့် ငွေသားဆု(၁၀)သိန်းကျပ်အား သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးစိုးရွှေအောင်တို့က ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

ခရိုင်ပြန်/ဆက်