တံတား ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ရှမ်းချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ Grade-10 ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံပညာစက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းများ တက်ရောက်နိုင်ရေး အခွင့်အလမ်းနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် တံတားမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရန်အောင်မျိုးထက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးဝင်းထွန်းက အခြေခံပညာစက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ၏ သင်ကြားရေးစနစ်၊ ဝင်ခွင့်သတ်မှတ်ချက်များ၊ ပညာဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်းများနှင့် အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ Grade-10 ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း (၈၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
လှိုင်သူဇာ (ပြန်/ဆက်)