ဆေးတက္ကသိုလ်(၂)၊ ရန်ကုန်၊ ၂၀၂၆ ခုနှစ် ပါမောက္ခချုပ်ဖလား မိုးရာသီဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဇူလိုင် ၁၄

ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်၊ ၂၀၂၆ ခုနှစ် ပါမောက္ခချုပ်ဖလား မိုးရာသီဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ သထုံလမ်းရှိ တက္ကသိုလ်များဘောလုံးကွင်း၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်၊ ပါမောက္ခချုပ် ဒေါက်တာ မိုးဝင့်အောင်က အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဌာန် (၄) ချက် ရွတ်ဆိုကြသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ အခမ်းအနားအားဖွင့်လှစ်ပေးကြပြီး ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက ပထမပွဲစဉ် နောက်ဆုံးနှစ်အပိုင်း (ခ) အသင်းနှင့် ပထမနှစ်အသင်းတို့၏ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးသည်။ အဆိုပါ ပြိုင်ပွဲကို စာသင်နှစ်အလိုက် အတန်းအသီးသီးမှ အသင်း (၆) သင်း၊ အားကစားသမား (၁၃၈) ဦးဖြင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့မှ ဇူလိုင်လ (၂၇) ရက်နေ့အထိ ယှဉ်ပြိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)