သုံးခွမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ပြန်လည် ဖွင့်လှစ်
May 21,2021
ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြည်သူ့စာကြည့်တိုက် အား ခေတ္တပိတ်ထားခဲ့ရာမှ ယခုအခါ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းလာသည့် အတွက် ပြည်သူများ စာပေဗဟုတ တိုးပွားစေရန်နှင့် အသိပညာ ရရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ဧပြီလ ၂၉ ရက်နေ့မှစတင်၍ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအချိန်အထိ ပြည်သူများ စာပေလေ့လာဖတ်ရှုနိုင်ရန် စာကြည့်တိုက်အား ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။