ဒိုက်ဦး မေ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့် တိုက်ကို Covid-Covid19 ရောဂါ ဖြစ်ပွားမှု မြင့်တက်ချိန်ကာလအတွင် ခေတ္တပိတ်ထားခဲ့ရာမှ ယခုအခါ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းလာသည့်အတွက် ပြည်သူများ စာပေဗဟုတတိုးပွားစေရန်နှင့် အသိပညာရရှိစေရန် ရည်ရွယ်၍ Covid-19 စည်းကမ်းများနှင့်အညီ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအချိန် အထိပြည်သူများ စာပေလေ့လာဖတ်ရှုနိုင်ရန် စာကြည့်တိုက်အား ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိသည်။
ဒိုက်ဦးမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် သုတ/ ရသစာအုပ်များ၊ ဂျာနယ်စာစောင်နှင့် ကလေးများအကြိုက် ရုပ်ပြ စာအုပ်များ စုစုပေါင်း(၁၀၈၁၅) ကျော်ရှိပြီး မည်သူမဆို စာကြည့်တိုက်သို့ အခမဲ့ လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)