သနပ်ပင် မေ ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနတွင် ၂၀၂၁-၂၀၂၂ ခုနှစ် ငါးလုပ်ငန်းရာသီနှစ်အတွက် (ဒုတိယ)အကြိမ် အင်းလေလံတင် ရောင်းချခြင်းနှင့် (ပထမ)အကြိမ် ပိုက်ချက်တင်ဒါ ရောင်းချခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ငါးလုပ်ငန်းဦးဌာနရုံး၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ သည်။
အင်းလေလံတင် ရောင်းချခြင်းအခမ်းအနားတွင် ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်မှ အဖွင့်အမှာစကားပြောပြီး သနပ်ပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်းမှ (ဒုတိယ)အကြိမ် အင်းလေလံတင်ရောင်းချခြင်းနှင့် (ပထမ)အကြိမ် ပိုက်ချက်တင်ဒါ ရောင်းချခြင်းနှင့် ပတ်သက်၍ အင်းလုပ်သားကြီးအား လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အင်းလုပ်သားကြီးများအား ပိုက်ချက်တင်ဒါများကို ဆက်လက်ရောင်းချခဲ့ရာ တင်ဒါ(၅)ချက် ရောင်းချနိုင်ခဲ့ပြီး စုစုပေါင်းငွေကျပ် ဆယ့်သုံးသိန်း တစ်သောင်းနှစ်ထောင် (၁၃၁၂၀၀၀) ကျပ် နိုင်ငံတော် ဘဏ္ဍာငွေရရှိခဲ့ကြောင်း သိရှိရ သည်။
မြို့နယ် (ပြန်/ဆက်)