၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မစရိယ စာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများ အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

လွိုင်ကော် မေ ၂၁

၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများ အောင်မြင်စွာ ကျင်းပဆောင်ရွက် နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကယားပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မစရိယ စာမေးပွဲနှင့် ပါဠိပထမပြန် စာမေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ကယားပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးစန်းဝေနှင့် ဦးစီးကော်မတီဝင်များနှင့် ဆပ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဦးစီးကော်မတီဥက္ကဋ္ဌ၊ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစန်းဝေက အစိုးရဓမ္မစရိယ စာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများကို ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပမည်ဖြစ်ကြောင်း၊ ယခင်နှစ်များ က ကျင်းပခဲ့သည့် လုပ်ငန်းစဉ်များအတိုင်း ဆပ်ကော်မတီများကို ဖွဲ့စည်းပေးထားပြီး ဆပ်ကော်မတီအလိုက် ခွဲဝေထား သော တာဝန်များကို အောင်မြင်အောင်ဆောင်ရွက် သွားရန်ဖြစ်ပြီး လိုအပ်ချက်များရှိပါကလည်း ဦးစီးကော်မတီသို့ တင်ပြ ညှိနှိုင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးက ၎င်းတို့၏ လုပ်ငန်းတာဝန်များအပေါ် ဆောင်ရွက် သွားမည့် အခြေအနေများ၊ ကုန်ကျစရိတ်များကို တင်ပြခဲ့ကြရာ ဦးစီးကော်မတီဥက္ကဋ္ဌ၊ ကယားပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးစန်းဝေက တင်ပြမှုများအပေါ် ပြန်လည် ညှိနှိုင်းရှင်းလင်းမှာကြားခဲ့သည်။

၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မစရိယစာမေးပွဲကို ဇွန်လ ၁ ရက်နေ့ မှ ဇွန်လ ၉ ရက်နေ့အထိ လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ ၇ ရက်နေ့မှ ဇွန်လ ၁၃ ရက်နေ့အထိ လည်းကောင်း လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)