ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

ကွမ်းခြံကုန်း မေ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊  ရန်ကုန်တောင်ပိုင်းခရိုင်၊   ကွမ်းခြံကုန်းမြို့နယ်၊   မြို့နယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ဒုတိယ)အကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ သံဃာတော်များ၊  ဌာနဆိုင်ရာမှဝန်ထမ်းများ၊ (၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား (ပထမ)အကြိမ် (၁၈၁၅)ဦး ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးပေးပြီး သွေးပေါင်ချိန်တိုင်းခြင်းများ    ကြိုတင် ဆောင်ရွက်ပေးပြီး   ကိုဗစ်-  ၁၉ ရောဂါ ကာကွယ်ဆေးကို တစ်ဦးချင်းစီ စနစ်တကျ ထိုးနှံပေးခဲ့သည်။

အဆိုပါ ကိုဗစ်ကာကွယ်ဆေးကို (ပထမ)အကြိမ်အဖြစ် ဧပြီလ(၆)ရက်နေ့မှ (၂၆)ရက်နေ့အထိ ထိုးနှံပေးခဲ့ပြီး  ဒုတိယ အကြိမ် မေလ(၅) ရက်နေ့မှ ယနေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း (၁၁၇၀) ဦး ရှိပြီးဖြစ်၍ ကာကွယ်ဆေး ထိုးရန် ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံ မှ သိရသည်။

ဆွေနွယ် (ပြန်/ဆက်)