သုံးခွ မေ ၂၁
ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ခေတ္တပိတ်ထားခဲ့ရာမှ ယခုအခါ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းလာသည့် အတွက် ပြည်သူများ စာပေဗဟုတ တိုးပွားစေရန်နှင့် အသိပညာရရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ဧပြီလ ၂၉ ရက်နေ့မှစတင်၍ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအချိန်အထိ ပြည်သူများ စာပေလေ့လာဖတ်ရှုနိုင်ရန် စာကြည့်တိုက်အား ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြည်သူ့စာကြည့်တိုက်တွင် သုတ/ ရသစာအုပ်များ၊ ဂျာနယ်စာစောင်နှင့်ကလေး များအကြိုက် ရုပ်ပြစာအုပ် များအား မည်သူမဆို စာကြည့်တိုက်သို့ အခမဲ့လာရောက် ငှားရမ်း ဖတ်ရှုနိုင်ကြောင်း သိရသည်။
မြို့နယ်ရုံးသို့ လာရောက်၍ စာငှား၊ စာဖတ် မလာရောက်နိုင်သော ဌာနဆိုင်ရာဝန်ထမ်းများ အတွက်လည်း အပတ်စဉ် Mobile library စနစ်ဖြင့် စာငှားဝန်ဆောင်မှုများ ဆောင်ရွက်ပေး လျက်ရှိသည်။
စည်သူလင်း ပြန်/ဆက်