သုံးခွမြို့နယ် အခြေခံပညာကျောင်းပေါင်း (၁၄၆)ကျောင်း၊ ဘုန်း‌တော်ကြီးသင်ပညာကျောင်း (၆)ကျောင်းကို မေ ၂၄ ရက်နေ့မှ စတင်ပြီး ကျောင်းအပ်လက်ခံပေးသွားမည်

သုံးခွ မေ ၂၀

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၌  ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက်  မြို့နယ်ပညာရေးဌာနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အခြေခံပညာကျောင်းများ အားလုံးကို ကြိုတင်ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း သိရ သည်။

COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် စာသင်ကြားမှုများ ယာယီရပ်ဆိုင်းထားရှိရာမှ ယခု ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ၂၀၂၁ ခုနှစ်၊ မေလ ၂၄ ရက် နေ့မှ ၃၁ ရက်နေ့ထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံပေးသွား မည်ဖြစ်ပြီး ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေး အတွက် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကျောင်းများ၌ ပြင်ဆင် ဆောင်ရွက်မှုလုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်း များ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်သည့် နည်းလမ်းများနှင့် အခြားလိုအပ်သည့် ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်း များကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

သုံးခွမြို့နယ်တွင် အခြေခံပညာ အ.ထ.က ကျောင်း(၁၀)ကျောင်း၊ အ.ထ.က(ခွဲ)(၁၀) ကျောင်း၊ အ.လ.က(၉)ကျောင်း၊ အ.လ.က(ခွဲ)(၉)ကျောင်း၊ မူလွန်(၁၀)ကျောင်း၊ အ.မ.က(၉၇) ကျောင်း၊ အ.မ.က(ခွဲ)(၁)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၆)ကျောင်း စုစုပေါင်း(၁၅၂)ကျောင်းတို့အား မေ ၂၄ ရက်နေ့မှစတင်၍ ကျောင်းအပ်လက်ခံပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျောင်းအပ်နှံရာတွင်လည်း နိုင်ငံတော်မှ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိကြောင်းနှင့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပါးစပ် နှာခေါင်းစည်း (Mask)နှင့် မျက်နှာအကာ (Face Shield) တို့ကို အခမဲ့ ထောက်ပံ့မည် ဖြစ်ကြောင်းလည်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

စည်သူလင်း ပြန်/ဆက်