သတင်းများ

ကျေးလက်တောရွာများတွင် အဓိက သယ်ယူပို့ဆောင်ရေး ယာဉ်အဖြစ် ယနေ့တိုင် အသုံးပြု ခဲ့ကြသည့် မြန်မာတို့၏နွားလှည်း
May 20,2021
နွားလှည်းကို ရှေးခေတ် ဘုရင်များလက်ထက်မှစ၍ အသုံးပြုခဲ့ကြသော နှစ်ဘီးတပ် သယ်ယူ ပို့ဆောင်ရေး ယာဉ်တစ်မျိုးဖြစ်သည်။ နှစ်ဘီးတပ် လှည်းများတွင် နွား၊ မြင်းစသော တိရစ္ဆာန် အမျိုးမျိုးဖြင့် ဆွဲရသောလှည်းများ ရှိသကဲ့သို့ လူဆွဲ၊ လူတွန်းရသော လှည်းမျိုးများလည်း ရှိသည်။ မြန်မာနိုင်ငံတွင် ယခုအခါ နိုင်ငံခြားမှ စက်တပ်ယာဉ်များ ဝင်ရောက်အသုံးပြု နေကြပြီ ဖြစ်သော်လည်း ကျေးလက်တောရွာများတွင် နွားလှည်းများကို လက်လွတ်မခံနိုင်သေးဘဲ ယနေ့တိုင် တွင်ကျယ်စွာ အသုံးပြုလျက် ရှိကြသည်။
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
May 20,2021
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့တက်ရောက် မော်လမြိုင် မေ ၂၀ မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၁) ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မော်လမြိုင်မြို့ ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီရုံး အောင်ဆန်းခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကောင်စီဝင်များ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်း ထွန်း က “သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ လုပ်ငန်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရန်အတွက် အဓိက ထားပြီး ယနေ့ အစည်းအဝေးကို ခေါ်ယူရခြင်း ဖြစ်ပါကြောင်း၊ ပြည်နယ်သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ ဒါကြောင့်အဆင့်ဆင့် သော ခရိုင်/ မြို့နယ်ဖွဲ့စည်းမှုများကို လည်း ဆက်လက်ဖွဲ့စည်းဆောင်ရွက်သွားမှာ ဖြစ်သလို ယခင်နှစ်များက တွေ့ကြုံခဲ့တဲ့ အခြေအနေပေါ်မူ တည်ပြီးတော့ ဆက်လက်ပေါင်းစပ် ညှိနှိုင်း သွားမှာဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင်လည်း မိုးရေချိန် ၁၃ လက်မကျော် စံချိန်တင်ရွာသွန်းကာ လေပြင်းတိုက်ခတ်မှုတွေ ထူးကဲဒီရေမြင့်တက်မှုတွေ ဖြစ်တဲ့အတွက်ကြောင့် မြို့နယ် အတွင်းမှာ ရှိတဲ့ ရပ်ကွက်/ ကျေးရွာတွေမှာ ရေလွှမ်းမိုးမှုတွေ ရေကြီးနစ်မြှုပ်မှုတွေ တောင်ပြိုမှု တွေ ဖြစ်ပွားခဲ့ပြီး စိုက်ပျိုးမြေနှင့် လူနေအိမ်တွေ နစ်မြှုပ်မှုများဖြစ်ပွားခဲ့တာ တွေ့ရမှာဖြစ်ပါ ကြောင်း၊ ဒါကြောင့် သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ဆောင်ရွက်တဲ့အခါမှာ ကြိုတင် ဖွဲ့စည်းမှုတွေ လိုသလို တိတိကျကျလည်း တာဝန်ပေးထားဖို့ လိုမှာဖြစ်ပါကြောင်း၊ ရှာဖွေကယ်ဆယ်ရေး အဖွဲ့/ ကူညီ ထောက်ပံ့ရေးအဖွဲ့ စသဖြင့် ဖွဲ့စည်းပြီးတော့ ပါဝင်တဲ့ အဖွဲ့အစည်းတွေကိုလည်း အောက်ခြေအဆင့်ထိ စနစ်တကျနဲ့ ဖွဲ့စည်းဆောင်ရွက်ထားဖို့လိုအပ် မှာဖြစ်ပါကြောင်း” ပြောကြားပြီး ၂၀၁၃ ခုနှစ် မွန်ပြည်နယ် ရေကြီး နစ်မြှုပ်မှုဖြစ်စဉ်အား Power Point ဖြင့် ရှင်းလင်းပြသခဲ့သည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူးကြီး နေထွဋ်ဦးနှင့် ကောင်စီဝင် နိုင်လ ယိတမတို့မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြကြပြီး ကောင်စီဝင် အတွင်းရေးမှူး ဦးကျော်သူဇော်က ပြည်နယ်သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ မွန်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်း ဌေးအောင်က ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ စီမံချက်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦး က ၂၀၁၈ ခုနှစ် သဘာဝ ဘေးဖြစ်စဉ်များအပေါ် မွန်ပြည်နယ်ကွပ်ကဲရေးရုံး ဖွင့်လှစ် ဆောင်ရွက် ပေးခဲ့မှုအခြေအနေများနှင့် ပတ် သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသော ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များတို့က သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက် ထားရှိမှုများအား နွေးဆွေးတင်ပြပြီး တင်ပြချက် များအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌမှ ပြန်လည်ဖြည့်စွက်ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။ ဝေလင်းအောင်
မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ ကင်းတပ်ကျေးရွာ၌ အမျိုးသမီး အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်လှစ်
May 20,2021
တနင်္ဿာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ ကင်းတပ်ကျေးရွာ၊ ဘုန်းတော်ကြီး‌ကျောင်း ဓမ္မာရုံတွင် စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာများရှိ လူငယ်အမျိုးသား၊ အမျိုးသမီးများအား အခြေခံအပ်ချုပ်စက်သင်တန်းကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ဖွင့်လှစ်ပေးခဲ့ပါသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းအတွင်းရှိ အမှိုက်များအား စုပေါင်းသန့်ရှင်းရေးပြုလုပ်
May 20,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းအတွင်းရှိ အမှိုက်များအား စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယမန်နေ့ နံနက် ၇ နာရီ အချိန် ပိတောက် လမ်းဘေး ရေမြောင်းအတွင်းရှိ အမှိုက်များအား စုပေါင်းဆယ်ယူ သန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီးအရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ စာကြည့်တိုက် (၃) တိုက်အား စာကြည့် တိုက်မှတ်ပုံတင် အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခြင်းအခမ်းအနားဆောင်ရွက်
May 20,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီး ကြပ်မှု ကော်မတီမှ ထုတ်ပေးသည့် စာကြည့်တိုက်မှတ်ပုံတင် အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကန်တော်ကလေးတောင်ပိုင်းရပ်ကွက် အိုးဝေစာကြည့်တိုက်တွင် ကျင်းပခဲ့ ကြောင်း သိရသည်။
ပြည်သူများအခမဲ့စာအုပ်များငှားရမ်းဖတ်ရှုနိုင်ရန်နှင့် စာပေများဖတ်ရှုနိုင်ရန် ပြည်သူ့စာကြည့်တိုက်မှ စာဖတ်/ စာငှား ၀န်ဆောင်မှုများဆောင်ရွက်ပေးလျက်ရှိ
May 20,2021
မိုးညိုမြို့နယ်ပြည်သူ့စာကြည့်တိုက်ကို ပြည်သူများစာပေအသိပညာများတိုးပွားစေရန်၊ စာဖတ် ပရိသတ်များ စာအုပ်/စာပေများကို လေ့လာဖတ်ရှုနိုင်ရန်၊ စာအုပ်ငှားရမ်းခြင်း ၀န်ဆောင်မှုများကို လုပ် ဆောင်ပေးလျက် ရှိပါသည်။
ကမ္ဘာလှတောင် ပါဒစက်တော်ရာ ဘုရားကို သံသရာအေးဖို့ အရေး  တစ်ခေါက်တစ်ခါ အရောက်လာ မနှေး အတူ ဖူးမြော်ကြည်ညိုစေလို
May 20,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကြဲကျေးရွာအုပ်စု၊ စက်တော်ရာ ကျေးရွာရှိ ကမ္ဘာလှတောင် ပါဒစက်တော်ရာ ဘုရားကို ဗုဒ္ဓဘာသာ၀င် မိဘပြည်သူများ ကြည်ညိုသဒ္ဒါပွားများ နိုင်စေဖို့ မိတ်ဆက် တင်ပြ လိုက်ရပါသည်။
သာကေတမြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ရွှေပေါက်ကံမြို့နယ်၊ သန်လျင်မြို့နယ်၊ ထောက်ကြန့်မြို့နယ်များအတွင်းရှိ ရပ်ကွက်နေရာအချို့၌ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်နိုင်
May 20,2021
ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များအတွင်း လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း ခြင်း၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင် ခြင်းကို ယနေ့ နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီ အချိန်အတွင်း လုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်းကို ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းက မေ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည်။