မော်လမြိုင် မေ ၂၀
မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၁) ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မော်လမြိုင်မြို့ ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီရုံး အောင်ဆန်းခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကောင်စီဝင်များ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်း ထွန်း က “သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ လုပ်ငန်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရန်အတွက် အဓိက ထားပြီး ယနေ့ အစည်းအဝေးကို ခေါ်ယူရခြင်း ဖြစ်ပါကြောင်း၊ ပြည်နယ်သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ ဒါကြောင့်အဆင့်ဆင့် သော ခရိုင်/ မြို့နယ်ဖွဲ့စည်းမှုများကို လည်း ဆက်လက်ဖွဲ့စည်းဆောင်ရွက်သွားမှာ ဖြစ်သလို ယခင်နှစ်များက တွေ့ကြုံခဲ့တဲ့ အခြေအနေပေါ်မူ တည်ပြီးတော့ ဆက်လက်ပေါင်းစပ် ညှိနှိုင်း သွားမှာဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင်လည်း မိုးရေချိန် ၁၃ လက်မကျော် စံချိန်တင်ရွာသွန်းကာ လေပြင်းတိုက်ခတ်မှုတွေ ထူးကဲဒီရေမြင့်တက်မှုတွေ ဖြစ်တဲ့အတွက်ကြောင့် မြို့နယ် အတွင်းမှာ ရှိတဲ့ ရပ်ကွက်/ ကျေးရွာတွေမှာ ရေလွှမ်းမိုးမှုတွေ ရေကြီးနစ်မြှုပ်မှုတွေ တောင်ပြိုမှု တွေ ဖြစ်ပွားခဲ့ပြီး စိုက်ပျိုးမြေနှင့် လူနေအိမ်တွေ နစ်မြှုပ်မှုများဖြစ်ပွားခဲ့တာ တွေ့ရမှာဖြစ်ပါ ကြောင်း၊ ဒါကြောင့် သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ဆောင်ရွက်တဲ့အခါမှာ ကြိုတင် ဖွဲ့စည်းမှုတွေ လိုသလို တိတိကျကျလည်း တာဝန်ပေးထားဖို့ လိုမှာဖြစ်ပါကြောင်း၊ ရှာဖွေကယ်ဆယ်ရေး အဖွဲ့/ ကူညီ ထောက်ပံ့ရေးအဖွဲ့ စသဖြင့် ဖွဲ့စည်းပြီးတော့ ပါဝင်တဲ့ အဖွဲ့အစည်းတွေကိုလည်း အောက်ခြေအဆင့်ထိ စနစ်တကျနဲ့ ဖွဲ့စည်းဆောင်ရွက်ထားဖို့လိုအပ် မှာဖြစ်ပါကြောင်း” ပြောကြားပြီး ၂၀၁၃ ခုနှစ် မွန်ပြည်နယ် ရေကြီး နစ်မြှုပ်မှုဖြစ်စဉ်အား Power Point ဖြင့် ရှင်းလင်းပြသခဲ့သည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူးကြီး နေထွဋ်ဦးနှင့် ကောင်စီဝင် နိုင်လ ယိတမတို့မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြကြပြီး ကောင်စီဝင် အတွင်းရေးမှူး ဦးကျော်သူဇော်က ပြည်နယ်သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ မွန်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်း ဌေးအောင်က ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ စီမံချက်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦး က ၂၀၁၈ ခုနှစ် သဘာဝ ဘေးဖြစ်စဉ်များအပေါ် မွန်ပြည်နယ်ကွပ်ကဲရေးရုံး ဖွင့်လှစ် ဆောင်ရွက် ပေးခဲ့မှုအခြေအနေများနှင့် ပတ် သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသော ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များတို့က သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက် ထားရှိမှုများအား နွေးဆွေးတင်ပြပြီး တင်ပြချက် များအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌမှ ပြန်လည်ဖြည့်စွက်ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ဝေလင်းအောင်