ပြည်သူများအခမဲ့စာအုပ်များငှားရမ်းဖတ်ရှုနိုင်ရန်နှင့် စာပေများဖတ်ရှုနိုင်ရန် ပြည်သူ့စာကြည့်တိုက်မှ စာဖတ်/ စာငှား ၀န်ဆောင်မှုများဆောင်ရွက်ပေးလျက်ရှိ

 

မိုးညို         မေ ၂၀

မိုးညိုမြို့နယ်ပြည်သူ့စာကြည့်တိုက်ကို ပြည်သူများစာပေအသိပညာများတိုးပွားစေရန်၊ စာဖတ် ပရိသတ်များ စာအုပ်/စာပေများကို လေ့လာဖတ်ရှုနိုင်ရန်၊ စာအုပ်ငှားရမ်းခြင်း ၀န်ဆောင်မှုများကို လုပ် ဆောင်ပေးလျက် ရှိပါသည်။

  ပြည်သူ့စာကြည့်တိုက် စာငှားခြင်း၊စာဖတ်ခြင်း၀န်ဆောင်မှုများကို အပတ်စဉ်(အင်္ဂါနေ့မှစနေနေ့ထိ) ရက် ဖွင့်လှစ် ထားရှိပေးပြီး နေ့စဉ်နံနက် (၀၉:၃၀)မှညနေ(၁၆:၃၀) နာရီထိ ကိုဗစ်-၁၉ကာကွယ် ရေးစည်း ကမ်းချက် များနှင့် အညီ ပြန်လည်ဖွင့်လှစ် ပေးလျက်ရှိပြီး ပညာရပ်စာအုပ်များကို စင်ဖွင့်စနစ်ဖြင့် စာ ဖတ် ပရိတ်သတ်များ အဆင်ပြေအောင် ဆောင်ရွက်ပေးလျက်ရှိသည်။

ကလေးစာဖတ်ခန်းတွင်လည်း ရှန်တီစေတနာ့၀န်ထမ်းအဖွဲ့၏ ရုပ်ပုံစာအုပ်များ ၊စိတ်ကူးယဉ်စာ ပေ၊ စိတ်ကူး ယဉ်မဟုတ်သောစာပေ၊အခြားစာပေများကိုလည်း စာဖတ်ခန်းတွင် ဖတ်နိုင်အောင်စီစဉ် ဆောင်ရွက် ပေးထားပြီး၊ ရုပ်ပြစာအုပ်များကိုလည်း ငှားရမ်းဖတ်ရှုနိုင်ရန်စီစဉ် ဆောင်ရွက် ပေးလျက် ရှိပါသည်။

ပြည်သူ့စာကြည့်တိုက်တွင် သုတ၊ရသ၊စာအုပ်ပေါင်း(၉၆၀၀)ကျော်ရှိပြီး စာဖတ် ပရိသတ် မည် သူမဆို အသင်း၀င်၍ အခမဲ့ ဌားရမ်းဖတ်ရှုနိုင်သည့် ပြင်နေ့စဉ်ထုတ် သတင်းစာများကိုလည်းလာ ရောက် ဖတ်ရှုနိုင်ပါသည် Online မှလည်း ပုံပြင်ပြောခြင်း၊စာအုပ်မိတ်ဆက်ခြင်း အစီအစဉ် များကိုလည်း ဆောင် ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ကိုမင်း(မိုးညို)