ရန်ကုန်တိုင်းဒေသကြီးအရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ စာကြည့်တိုက် (၃) တိုက်အား စာကြည့် တိုက်မှတ်ပုံတင် အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခြင်းအခမ်းအနားဆောင်ရွက်

 

မင်္ဂလာတောင်ညွန့်        မေ       ၂၀

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီး ကြပ်မှု ကော်မတီမှ ထုတ်ပေးသည့် စာကြည့်တိုက်မှတ်ပုံတင် အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် နာရီအချိန်က ကန်တော်ကလေးတောင်ပိုင်းရပ်ကွက် အိုးဝေစာကြည့်တိုက်တွင် ကျင်းပခဲ့ ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စာကြည့်များကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဒေါ်ချစ်စုဝေက မိမိတို့မြို့နယ် တွင် ရပ်ကွက် (၂၀) ရှိသည့်အနက်မှ ရပ်ကွက်() ခုတွင် စာကြည့်တိုက်တစ်ခုစီဖြင့် စာကြည့်တိုက် () တိုက်မှ စာကြည့် တိုက်မှတ်ပုံတင်အသိအမှတ်ပြု လက်မှတ်များ လျှောက်ထားခဲ့ရာ ယခုလို အသိအမှတ်ပြုလက်မှတ်များ ကို ပြန်လည်ရရှိခဲ့သည့်အတွက် ဝမ်းမြောက်ကြောင်းနှင့် နောင်တွင်လည်း စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ကြ ရာတွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီနှင့် ရပ်ကွက်စာကြည့်တိုက် ကော်မတီများ ပူးပေါင်း ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် စာကြည့်တိုက်အသိအမှတ်ပြုလက်မှတ်များ ရရှိခဲ့သည့် ကန်တော်ကလေးတောင်ပိုင်း ရပ်ကွက်မှ အိုးဝေ စာကြည့်တိုက်၊ ... ရပ်ကွက်မှ ... စာကြည့်တိုက်နှင့် မလွှကုန်းရပ်ကွက်မှ အားမာန်သစ် စာကြည့် တိုက် တို့အား အသိအမှတ်ပြု လက်မှတ်များ အသီးသီးပေးအပ်ခဲ့ရာ စာကြည့်တိုက် တာဝန်ရှိသူများက လက်ခံရ ယူခဲ့ကြသည်။ ယင်းနောက် ရပ်ကွက် စာကြည့်တိုက်များမှ တက်ရောက်လာကြသူများက မိမိတို့စာကြည့် တိုက်များ ၏ လက်ရှိဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။

ချစ်စုဝေ (ပြန်/ဆက်)