မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ ကင်းတပ်ကျေးရွာ၌ အမျိုးသမီး အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်လှစ်

မြိတ်  မေ  ၂၀

တနင်္ဿာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ ကင်းတပ်ကျေးရွာ၊ ဘုန်းတော်ကြီး‌ကျောင်း ဓမ္မာရုံတွင် စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာများရှိ လူငယ်အမျိုးသား၊ အမျိုးသမီးများအား အခြေခံအပ်ချုပ်စက်သင်တန်းကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ဖွင့်လှစ်ပေးခဲ့ပါသည်။

အဆိုပါသင်တန်းတွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုး‌ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက အဖွင့် အမှာစကားပြောကြားပြီး ဒေသနှင့် ကိုက်ညီပြီး အမှန်တကယ်အကျိုးပြုနိုင်မည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းကို အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး  အမျိုးသမီး အခြေခံအပ်ချုပ်စက်သင်တန်း ကာလမှာ(၂)လ ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ဝါဝါခိုင် (မြိတ်ခရိုင်ပြန်/ဆက်)