ရန်ကုန် မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များအတွင်း လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင် ခြင်းကို ယနေ့ နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီ အချိန်အတွင်း လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ် ကြောင်းကို ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းက မေ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း သာကေတမြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရွှေပေါက်ကံမြို့နယ်၊ သန်လျင်မြို့နယ်၊ ထောက်ကြန့်မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပို့င်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်များ အတွင်းရှိ ရပ်ကွက်နေရာအချို့တို့၌ မေ ၂၀ ရက်(ယနေ့)တွင် ယာယီဓာတ်အားပြတ်တောက်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အများပြည်သူထံသို့ လေးစားစွာ အသိပေးပန်ကြားထား ကြောင်း သိရသည်။
စန္ဒာမိုး(ပြန်/ဆက်)