မောင်တော မေ ၂၀
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းအတွင်းရှိ အမှိုက်များအား စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယမန်နေ့ နံနက် ၇ နာရီ အချိန် ပိတောက် လမ်းဘေး ရေမြောင်းအတွင်းရှိ အမှိုက်များအား စုပေါင်းဆယ်ယူ သန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်ရဲတပ် ဖွဲ့မှူး ဒုရဲမှူးကြီး ပြည့်စုံ၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုင်အေး၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး ကျော်သူဝင်း၊ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက် ညွန်ကြားရေးမှူး ဦးသန့်စင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ကိုကို၊ မြို့နယ်မီးသတ်ဦးစီးမှူး ထွန်းရွှေခိုင်၊ မြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးမောင်အေးသိန်း ၊ ခရိုင်/ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များ ပူးပေါင်းကာ စုစုပေါင်း အင်အား (၉၀)ဦးခန့်က ရေစီးရေလာ ကောင်းမွန်ရေးအတွက် မြို့မ အရှေ့ရပ်ကွက်၊ ပိတောက် လမ်းဘေး ရေမြောင်းများအတွင်းရှိ ပိတ်ဆို့နေသည့် အမှိုက်များအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး