သတင်းများ

ပိုင်ကျုံမြို့ လှိုင်းဘွဲ-ပိုင်ကျုံလမ်းပိုင်းအား လမ်းချဲ့ခြင်း နှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်း (၆၅) ရာခိုင်နှုန်းပြီးစီး
Jan 19,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လမ်းဦးစီးဌာနအနေဖြင့် ပြည်သူများသွားလာမှု လွယ်ကူစေရေးနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန် စေရေးအတွက် လမ်းများအား အဆင့်မြင့်တင်ပေး လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၂၂၅.၉) သန်းဖြင့် လှိုင်းဘွဲ-ပိုင်ကျုံလမ်းအား အရှည် (၁.၁) ကီလိုမီတာ၊ အကျယ် (၁၈) ပေရှိ‌သော လမ်းချဲ့ ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျုံမဒီကျေးရွာတွင် ကျေးရွာနေပြည်သူများ သွား/လာ​ရေး အဆင်​ပြေ​​စေရန်အတွက် ကွန်ကရစ်တံတားတည်​ဆောက်
Jan 19,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကျေးလက်နေပြည်သူများ သွားလာရေးအဆင်ပြေစေရန် အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့်် လူထုဗဟိုပြုစီမံကိန်း (တတိယ နှစ်စက်ဝန်း) စီမံကိန်းထောက်ပံ့ငွေဖြင့် ထီးဖိုးကိန် ​​ကျေးရွာအုပ်စု ​​ကျုံမဒီကျေးရွာ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို စတင် အကောင်ထည် ဖော်ဆောင်ရွက်နေပြီ ဖြစ်​ကြောင်းသိရသည်။
ဟိုလွိုင်ကျေးရွာတွင် နည်းပညာအစည်းအဝေးနှင့် လုပ်ငန်းဆောင်ရွက်မည့်မြေနေရာအား ကွင်းဆင်းစစ်ဆေး
Jan 19,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ဟိုလွိုင်ကျေးရွာအုပ်စုသို့ လူထုဗဟိုပြု စီမံကိန်း(တတိယ)နှစ်စက်၀န်းအတွက် နည်းပညာအစည်းအဝေးနှင့် လုပ်ငန်းဆောင်ရွက်မည့်မြေ နေရာအား ယမန်နေ့ နေ့လည်ပိုင်းက သွားရောက်ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။
ဝန်းသိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign နှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ Mask နှာခေါင်းစည်း တပ်ဆင်သွားလာစေရေး Mask Campaign ပြုလုပ်ခြင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက် ၇ နာရီခွဲအချိန်၌ လူစည်ကားရာနေရာများတွင် တာဝန် ရှိသူများက အဖွဲ့ခွဲ၍ဆောင်ရွက်ခဲ့သည်။
ချင်းရွှေဟော်နယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူများ ထပ်မံဝင်ရောက်
Jan 19,2021
တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဇန်နဝါရီလ ၁၇ ရက်နေ့က(၆) ဉီးနှင့် ယမန်နေ့၊ ညနေ(၆)နာရီအချိန်က (၆)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၂)ဉီး ထပ်မံဝင်ရောက်လာခဲ့သည်။
နတ်မောက်မြို့နယ်အတွင်းရှိ ယာဉ်မောင်း/ ယာဉ်နောက်လိုက်များအား (၁၅) ကြိမ်မြောက် (RDT) ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေး
Jan 19,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပုဂ္ဂလိကသုံး မော်တော် ယာဉ်လိုင်းများ ကြီးကြပ်မှုကော်မတီတို့ ပူးပေါင်း၍ နတ်မောက်မြို့နယ်အတွင်းရှိ ယာဉ်မောင်း/ ယာဉ်နောက် လိုက်များ အား ယနေ့နံနက် ၉ နာရီအချိန်ခန့်က နတ်မောက်-ပျော်ဘွယ် ကားလမ်းဘေးရှိ ကိုဗစ်-၁၉ ရောဂါ ယာယီ စစ်ဆေး ဂိတ်တွင် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ဖာပွန်မြို့တွင် မြို့မအားကစားကွင်း အတွင်းခြံစည်းရိုး ကာရံခြင်းအတွက် ပန္နက်တင် အခမ်းအနားကျင်းပ
Jan 19,2021
ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘတ်ဂျက် ရန်ပုံငွေဖြင့် မြို့မအားကစားကွင်း အတွင်းခြံစည်းရိုး ကာရံခြင်းအတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၇)နာရီ မိနစ်(၂၀)အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲပြုလုပ်
Jan 19,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့် တိုက်များ ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ပုံမှန်လည်ပတ်မှုရှိစေရန်အတွက် ဆွေးနွေးပွဲကို ယမန့်နေ့ မွန်းလွဲပိုင်း က ညောင်လူးကျေးရွာ အလင်းသစ်စာကြည့်တိုက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။