ကျုံမဒီကျေးရွာတွင် ကျေးရွာနေပြည်သူများ သွား/လာ​ရေး အဆင်​ပြေ​​စေရန်အတွက် ကွန်ကရစ်တံတားတည်​ဆောက်

လှိုင်းဘွဲ   ဇန်နဝါရီ  ၁၉

​ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကျေးလက်နေပြည်သူများ သွားလာရေးအဆင်ပြေစေရန် အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့်် လူထု ဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) စီမံကိန်းထောက်ပံ့ငွေဖြင့် ထီးဖိုးကိန် ​​ကျေးရွာအုပ်စု ​​ကျုံမဒီကျေးရွာ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို  စတင် အကောင်ထည် ဖော်ဆောင်ရွက်နေပြီ ဖြစ်​ကြောင်းသိရသည်။

အဆိုပါကွန်ကရစ်တံတားကို လူထုဗဟိုပြုစီမံကိန်း​ထောက်ပံ့​ငွေ ၂၇၀၀၀,၀၀၀ ကျပ်ဖြင့် Stone Pitching Slab Culvert(အလျား ၂၃ပေ၊ အနံ၁၈ပေ ၊ အမြင့် ၇ပေ၆လက် မ)လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းမှ လက်​ထောက်နည်းပညာမှူး ​ဒေါ်လဲ့ဝါနိုင်၊ လူထုစည်းရုံး​ရေးမှူး  သစ်စာဖူးတို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနနှင့် မြို့နယ် နည်းပညာအကြံ​ပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ပူး​ပေါင်းပါဝင်မှုများဖြင့် အ​ကောင်အထည်​ဖော်​ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများ ၁၀၀%ပြီးစီးပါက ကျုံမဒီကျေးရွာမှ အိမ်​ထောင်စု(၉၈)စု လူဦးရေ (၅၂၅)ဦးတို့အတွက် ကျန်းမာ​ရေး၊ ပညာ​ရေး၊ စီးပွား​ရေး၊ လူမှု​ရေးလုပ်ငန်းများအတွက် သွား/လာ​ရေးလွယ်ကူ အဆင်​ပြေလာမည်ဖြစ်​ကြောင်း သိရပါသည်။

ခင်စန်းမြင့်(ပြန်/ဆက်)

09661137200