ပိုင်ကျုံမြို့ လှိုင်းဘွဲ-ပိုင်ကျုံလမ်းပိုင်းအား လမ်းချဲ့ခြင်း နှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်း (၆၅) ရာခိုင်နှုန်းပြီးစီး

ပိုင်ကျုံ ဇန်နဝါရီ ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လမ်းဦးစီးဌာနအနေဖြင့် ပြည်သူများသွားလာမှု လွယ်ကူစေရေးနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန် စေရေးအတွက် လမ်းများအား အဆင့်မြင့်တင်ပေး လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၂၂၅.၉) သန်းဖြင့် လှိုင်းဘွဲ-ပိုင်ကျုံလမ်းအား အရှည် (၁.၁) ကီလိုမီတာ၊ အကျယ် (၁၈) ပေရှိ‌သော လမ်းချဲ့ ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းကို နို၀င်ဘာလ (၂၅) ရက်နေ့က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် (၆၅) ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ရာ ပိုင်ကျုံမြို့၊ လမ်းဦးစီးဌာနမှ တာ၀န်ရှိသူများ၏ အနီးကပ် ကြီးကြပ်မှု နှင့်အတူ ခေတ်ဇမ္ဗူအိမ်ကုမ္မဏီမှ တာ၀န်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)