ဝန်းသိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign နှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဝန်းသို ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ Mask နှာခေါင်းစည်း တပ်ဆင်သွားလာစေရေး Mask Campaign ပြုလုပ်ခြင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက် ၇ နာရီခွဲအချိန်၌ လူစည်ကားရာနေရာများတွင် တာဝန် ရှိသူများက အဖွဲ့ခွဲ၍ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန် ရေး မြို့နယ်အဆင့်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့လယ်ဟော်တော်ဦးစေတီလမ်းဆုံ၊ စော်ဘွားကြီး ကြေးရုပ်ထုလမ်းဆုံ၊ မြို့မစ ည်ပင်သာဈေးတို့တွင် နှာခေါင်းစည်းမတပ်ဆင်ဘဲ သွားလာနေ သူပြည်သူများအား Mask နှာခေါင်းစည်း များဝေငှပေးခြင်း၊ ကျန်းမာရေးအသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းတို့ကိုပြုလုပ်၍ မိမိ ကိုယ်ကို ရောဂါကာကွယ်နိုင်စေရေးအတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း တပ်ဆင်သွားလာကြ ရန်၊ လူစုလူဝေးနေရာများသို့ မလိုအပ်ဘဲသွားလာ ခြင်းမပြုကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ နေထိုင်သွားကြရန် အသိပညာပေးပြောကြားခဲ့သည်။

ထို့အတူ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်အတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများ၊ ဆယ်အိမ်မှူး/ ရာအိမ်မှူးများ အဆင့်ဆင့်ရွေးချယ်ပုံနှင့် ပြည့်စုံရမည့်အရည် အချင်းများ၊ ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်း တာဝန်များစသည့်အကြောင်းအရာများပါရှိသည့် အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း တာဝန် ရှိသူများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်မြိုင်( ပြန်/ ဆက်)