နတ်မောက် ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပုဂ္ဂလိကသုံး မော်တော် ယာဉ်လိုင်းများ ကြီးကြပ်မှုကော်မတီတို့ ပူးပေါင်း၍ နတ်မောက်မြို့နယ်အတွင်းရှိ ယာဉ်မောင်း/ ယာဉ်နောက် လိုက်များ အား ယနေ့နံနက် ၉ နာရီ အချိန်ခန့်က နတ်မောက်-ပျော်ဘွယ် ကားလမ်းဘေးရှိ ကိုဗစ်-၁၉ ရောဂါ ယာယီ စစ်ဆေး ဂိတ်တွင် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ စစ်ဆေးခြင်းလုပ်ငန်းများကို အပတ်စဉ်အင်္ဂါနေ့တိုင်းဆောင်ရွက် ပေးလျှက်ရှိရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအား COVID-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးပေးခဲ့ရာ ယာဉ်မောင်း/ ယာဉ်နောက်လိုက် (၃၆)ဦးတို့သည် Negative အဖြေ ထွက်ရှိသဖြင့် တစ်ဦးချင်းအလိုက် ကျန်းမာရေး ကောင်းမွန်ကြောင်း အတည်ပြုကတ်များကို ထုတ်ပေးခဲ့ကြောင်း သိရ သည်။
သင်းသင်းဝေ