ဖြူးမြို့နယ်၌ Mask စနစ်တကျ တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး
Jan 19,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်း (mask) တပ်ဆင်ခြင်းကို အလေးထား၍ ဆောင်ရွက်ကြရန် နေ့စဉ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ လူအများ သွားလာရာ နေရာများဖြစ်သော မြို့မဈေး အတွင်းနှင့် မြို့လယ် ပဲခူးလမ်းမ ကြီးပေါ်တွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ နှာခေါင်းစည်း (mask) တပ်ဆင် သွားလာမှု ရှိ/မရှိကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရသည်။