ကျောင်းကုန်း ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ တာဦးဈေးအတွင်း နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ကြစေရေး ယနေ့နံနက် ၇ နာရီခွဲအချိန်က ပြည်သူများအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြသည်။
ကျောင်းကုန်းမြို့တွင် ယနေ့အချိန်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း (၇၅)ဦးရှိကြောင်း၊ မြို့နယ်အတွင်း (၅၃)ဦးနှင့် မြို့နယ်ပြင်ပ (၂၂)ဦးဖြစ်ကြောင်း၊ ဆေးရုံဆင်းခွင့်ရရှိသူ (၇၄)ဦးရှိပြီး၊ သေဆုံးလူနာ (၁)ဦးဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
နှာခေါင်းစည်း ဖြန့်ဝေရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးခင်အောင်ဆွေ၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးကျော်စွာလင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး အဖွဲ့များက တာဦးဈေးအတွင်းရှိ ဈေးသည် ဈေးဝယ်များနှင့် လမ်းသွားလမ်းလာများအား နှာခေါင်းစည်းများ ဖြန့်ဝေပေး ခဲ့ကြသည်။
ဆက်လက်၍ ကျောင်းကုန်းမြို့ထိပ် စစ်ဆေးရေးဂိတ်၌ လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်းများ ထပ်မံဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)