ညောင်ရွှေမြို့နယ် ပြည်သူ့ဆေးရုံသို့ Korea နိုင်ငံသူ Mis Yoon Sohee ဦးဆောင်သော KOICA၊ KGF၊ KMF နှင့် HIMM အဖွဲ့တို့မှ ကျန်းမာရေးသုံးပစ္စည်းများ လာရောက်လှူဒါန်း

ညောင်ရွှေ   ဇန်နဝါရီ  ၁၉

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ကာကွယ်ရေးနှင့် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ယနေ့နံနက်ပိုင်း က မြို့နယ်ပြည်သူ့ဆေးရုံသို့ Korea နိုင်ငံသူ Mis Yoon Sohee ဦးဆောင်သော KOICA၊ KGF၊ KMF နှင့် HIMM အဖွဲ့တို့မှ ကျန်းမာရေးသုံးပစ္စည်းများ လာရောက်လှူဒါန်းခဲ့ရာ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာကောင်းမြတ် က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ Korea နိုင်ငံသူ Mis Yoon Sohee ဦးဆောင်သောအဖွဲ့များမှ လာရောက် လှူဒါန်းသည့်ပစ္စည်းများမှာ Imfra Red Thermo Scanner (၂)စုံ၊ KF 94 Mask (၁၇၀)ခု၊ အဝတ် Mask (၁၅၀၀)ခု၊ ဂျာစီအင်္ကျီ (၂၇၅)ထည်၊ ကိုဗစ်-၁၉ ကာကွယ်ရေးအသိပညာပေး ဗီနိုင်း(၁၁၁)ခု၊ ကိုဗစ်-၁၉ ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင် (၅၀၀၀၀)စောင်၊ 20(l) ဆပ်ပြာဆီ (၇၅)ပုံး တို့ဖြစ်ပြီး ယခုအကြိမ်လှူဒါန်းခြင်းသည် ဒုတိယအကြိမ်လှူဒါန်းခြင်းဖြစ်ကြောင်းနှင့် ဆက် လက်၍လည်း လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအယ်ဘဲ