ကျိုက်လတ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်း အဝေးကျင်းပ

ကျိုက်လတ်   ဇန်နဝါရီ        ၁၉

ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ရွှေဝါလတ်ခန်းမတွင် ၊ ယမန်နေ့ ညနေ(၄)နာရီခန့်က မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။

အခမ်းအနားတွင် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင် က မြို့နယ်အတွင်း ရောဂါပိုးကူးစက်မှု နည်းနိုင်သမျှ နည်းစေရန်အတွက် အားလုံးပေါင်းစပ်ဆောင်ရွက်ပေးကြပါရန် နှင့် မြို့မဈေး ၊ အိုင် ၊ ကေ ဈေး ၊ အောင်မြင့်မိုရ်ဈေးများကို ယခုနေ့လယ် (၂) နာရီထိဖွင့်လှစ်နေခြင်းအား ညနေ(၅)နာရီအထိ တိုးမြှင့်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေး ပေးရန်တို့ကိုလည်းကောင်း ၊ မြို့နယ် ကိုဗစ်  -၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် က ယခုရက်အတွင်း ပိုးတွေ့ လူနာများ ပြန်လည်တွေ့ရှိရသဖြင့် မြို့ဝင်မြို့ထွက်ဂိတ်အဝင်အထွက်များ ၊ ဈေးဆိုင်များအား ကျန်းမာရေး ဦးစီးဌာန ၏ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိ နှာခေါင်းစည်း (Mask) တပ်ဆင် အသုံးပြုခြင်း ရှိ/မရှိ တို့ကို  ယခင်ကအတိုင်း ပြန်လည်စစ်ဆေးသွားရန် ကို လည်းကောင်း ၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်း က ဈေးများအတွင်း လူစုလူဝေးမဖြစ်စေရန် One Way စနစ်ကျင့်သုံး ၍ ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ ညနေ(၅)နာရီအထိ ဈေးဆိုင်များအား ပြန်လည်ဖွင့်လှစ်ခွင့်ပေးနိုင် ရေး တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရသည်။

ရီရီမြင့်(ပြန်/ဆက်)