သတင်းများ

ဥတ္တရသီရိမြို့နယ်တွင် နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် နည်းပညာအဆိုပြုလွှာနှင့် QA/QC ဖွင့်ဖောက်စစ်ဆေးခြင်း ဆောင်ရွက်
Jan 19,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျပ်သန်း(၁၀၀) အထက် လုပ်ငန်းများအတွက် နည်းပညာအဆိုပြုလွှာနှင့် QA/QC ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီခွဲ က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) အကောင် အထည်ဖော်ရေးအတွက် အစိုးရ-ပုဂ္ဂလိက နဝမအကြိမ်မြောက်ဆွေးနွေး
Jan 19,2021
ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) အကောင်အထည် ဖော်ရေးအတွက် အစိုးရ-ပုဂ္ဂလိက နဝမအကြိမ်မြောက် ဆွေးနွေးပွဲကို ယမန်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
လှိုင်မြို့နယ် သာသနနုဂ္ဂဟအသင်းမှ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန် အလှူငွေများအား စု​ပေါင်း လှူဒါန်း
Jan 19,2021
ရန်ကုန်တိုင်း​​ဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီး ဌာနရုံးတွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က လှိုင်မြို့နယ် သာသနနုဂ္ဂဟအသင်းမှ ကိုဗစ်-၁၉ ကာကွယ်​ဆေး ဝယ်ယူရန် လာရောက်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်၌ ရပ်ကွက်(သို့မဟုတ်) ​ကျေးရွာအုပ်ချုပ်​ရေးမှူးများ ​ရွေးချယ်​ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရှင်းလင်း​ဆွေး​နွေး
Jan 19,2021
ရပ်ကွက်(သို့) ​ကျေးရွာအုပ်စု အုပ်ချုပ်​ရေးဆိုင်ရာ နည်းဥပ​ဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပ​ဒေနှင့်အညီ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်​ရေးမှူးများ ​ရွေးချယ်​ဆောင်ရွက်မည့် လုပ်ငန်း စဉ်များနှင့် ပတ်သက်၍ ​​ရှင်းလင်း​​ဆွေး​နွေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ကျုံပျော်မြို့ မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်
Jan 19,2021
ပြည်သူများ မီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှုမရှိစေရေး၊ ဈေးအတွင်းရှိကုန်စည်များ မီးဘေးအန္တရာယ် ကျ‌ရောက်မှု မရှိစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော် မြို့နယ်၊ မြို့မဈေးအတွင်း၌ ယမန်နေ့ ညနေ ၃ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပခုက္ကူပညာရေးဒီဂရီကောလိပ် သုံးထပ်စာသင်ဆောင် ဆောက်လုပ်ရေး ပန္နက်တင်မင်္ဂလာ အခမ်းအနား ကျင်းပ
Jan 19,2021
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူ ပညာရေးဒီဂရီကောလိပ် သုံးထပ်စာသင် ဆောင် ဆောက်လုပ်ရေးပန္နက်တင်မ င်္ဂလာခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပသည်။
ယခုနှစ်နွေရာသီ၌ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ(၃၀)တွင် ရေရှားပါးမှုနှင့်ကြုံတွေ့ ရနိုင်ဟုဆို
Jan 19,2021
ယခုနှစ်နွေရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်(၁၂)ရှိ ကျေးရွာ(၃၀)ရွာ၌ သောက်သုံးရေ ရှားပါးမှုနှင့်ကြုံတွေ့နိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။