ရေဖြူ ဇန်နဝါရီ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းကို ယမန်နေ့ ည ၇ နာရီ က ရေဖြူမြို့နယ်၊ လေးရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့သိုဆောင်ရွက်ရာတွင် ရေဖြူမြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးမျိုးဆွေဦးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၃)ဦးတို့မှ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် မိဘပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်မှ ကင်းဝေးနိုင်စေရေးအတွက် မိမိတို့နေအိမ်တွင် မလိုအပ်ပဲ မီးများအသုံးမပြုရန်၊ မိမိအိမ်တွင်ရှိသော လျှပ်စစ်ပစ္စည်းများ စဉ်ဆက်မပြတ်အမြဲတမ်း ကြည့်ရှုစစ်ဆေးရန်၊ နေအိမ်၌ မီးချိတ် မီးကပ်၊ သဲပုံး၊ ရေပုံးများ ထားရှိရန်နှင့် မီးသတ်ဆေးဘူးများ ဆောင်ထားရန်စသော မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရန်များကို အသံချဲ့စက်ဖြင့် အသိပေးလှည့်လည်နှိုးဆော်ခဲ့သည်။ ရေဖြူမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် တစ်ပတ်လျှင်တစ်ကြိမ် ရပ်ကွက်/ကျေးရွာများသို့ မီးဘေးအန္တရာယ် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ရေဖြူ (ပြန်/ဆက်)