ပြင်ဦးလွင် ဇန်နဝါရီ ၁၉
ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့မဈေးကြီးအတွင်းရှိ ဈေးရောင်း / ဈေးဝယ်များ Mask များတပ်ဆင်ခြင်း နှင့် ကျန်းမာရေးနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ / မရှိ ယနေ့နံနက် ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု ဆက်လက်စစ်ဆေးလျက်ရှိသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးထိန်းချုပ်နိုင်ရေးအတွက် ဈေးရောင်း / ဈေးဝယ်များ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ဈေးအတွင်းသို့ Mask များ စနစ်တကျ တပ်ဆင်ခြင်း ရှိ / မရှိ နှင့် ဈေးအင်္ဂါရပ်နှင့် အညီ ဖြစ်စေရန် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဆောင်ရွက်လျက်ရှိသည် ။
ယခုလို မြို့ လူစည်ကားရာနေရာဖြစ်သည့် မြို့မဈေးကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဈေးဝယ်လာသူများနှင့် ဈေးရောင်းသူများအနေဖြင့် ဆပ်ပြာရည်ဖြင့် လက်ကို စင်ကြယ်အောင် ဆေးကြောပြီးမှ ဈေးအတွင်းသို့ ဝင်ရောက်စေခြင်း နှင့် Mask များ စနစ်တကျ တပ်ဆင်ခြင်း သည် ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည် ။
ဇော်မျိုးထိုက် ( ပြင်ဦးလွင် )