စဉ့်ကူး ဇန်နဝါရီ ၁၉
စဉ့်ကူးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲနှင့် ပတ်သတ်၍ကြီးကြပ်ရေး ကော်မတီ ( ၅ )ဦး တာဝန်ပေးအပ်နိူင်ရေးအတွက် ဌာနဆိုင်ရာများ အသိပညာပေးရှင်းလင်းပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်း အနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်၊ ဒုတိယမြို့နယ်အုပ် ချုပ်ရေးမှူးဦးနန်းကိုဦးနှင့် ဒုတိယဦးစီးမှူးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်မှ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေ အခန်း(၂)၊ နည်းဥပဒေပုဒ်မ (၃)၊ ပုဒ်မခွဲ (ခ)အရ တာဝန်ပေးအပ်ခံရသည့် ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်သည့်ရပ်ကွက်၊ ကျေးရွာစုများ၏ အုပ်ချုပ် ရေးမှူးရွေးချယ်ရာ၌ ကြီးကြပ်ဆောင်ရွက်ရမည့် ကြီးကြပ်ရေးကော်မတီ ( ၅ )ဦး တာဝန်ပေးအပ်နိုင်ရေး အတွက် ဇန်နဝါရီလ၏ စတုတ္ထပတ်တွင် ရပ်ကွက်/ကျေးရွာများသို့သွားရောက်၍ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိူင်ရေး အသိပညာပေးရှင်းလင်းခဲ့သည်။
ထို့နောက်တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများကလည်း ရပ်ကွက်/ကျေးရွာအုပ်စု များတွင် အိမ်ထောင်စုကိုယ်စားလှယ်၊ဆယ်အိမ်မှူး၊ရာအိမ်မှူး၊အုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းများနှင့် ပတ်သတ်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
တင်တင်နူ ( စဉ့်ကူး )